ရန်ကုန် ဒီဇင်ဘာ ၁၃

 

ရှေးဟောင်းကမ္ပည်းကျောက်စာဆိုင်ရာ ပညာရပ်များ ကွင်းဆက်မပြတ် ဆက်လက်ရှင်သန် ထွန်းကားရေးနှင့် ရှေးဟောင်းကမ္ပည်းကျောက်စာဆိုင်ရာ သုတေသနမျိုးဆက်သစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် "ရှေးဟောင်း ကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူစာပေနှင့် ပါဠိ၊ သက္ကတ) အဆင့်(၁) Level-I" ကို ရန်ကုန်ဌာနခွဲတွင် ဒီဇင်ဘာ ၁၃ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

 

သင်တန်းကာလမှာ အဆင့်(၁) သင်တန်းအတွက် ပထမအကြိမ်တွင် ရက်သတ္တ(၄)ပတ် ကြာမြင့်မည် ဖြစ်သည်။ ရှေးဟောင်းပျူစာပေပညာရှင်များ၊ ပါဠိ-သက္ကတစာပေပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အထူးရွေးချယ်ထားသော ဌာနခွဲအသီးသီးမှ ဝန်ထမ်း(၆)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်