ညောင်ဦး ၂၄ မတ် 

 

ရှေးဟောင်းပစ္စည်းများ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျောက်ဂူဥမင်ရှိ ကျောက်ဆစ်လက်ရာများနှင့် သက်စိုးတောင်ပေါ်ရှိ ရှေးဟောင်းနတ်ရေကန်အတွင်းဘက် နံရံများမှ ကျောက်ဆစ်လက်ရာများအား သင်တန်းသား သင်တန်းသူများက မတ် ၂၄ ရက်တွင် လက်တွေ့ကွင်းဆင်း ကူးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဖွင့်လှစ်ပို့ချလျက်ရှိသော ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (/၂၀၂၀) သင်တန်းမှ သင်တန်းသူ/ သင်တန်းသားများသည် ကြီးကြပ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေ၊ သင်တန်းဆရာများဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေတို့ ဦးဆောင်လိုက်ပါကာ ညောင်ဦးမြို့နယ်၊ ကျောက်ဂူဥမင်ရှိ ကျောက်ဆစ်လက်ရာများနှင့် သက်စိုးတောင်ပေါ်ရှိ ရှေးဟောင်းနတ်ရေကန်အတွင်းဘက် နံရံများမှ ကျောက်ဆစ်လက်ရာများအား လက်တွေ့ကွင်းဆင်း ကူးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)