ပဲခူး မတ် ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော် ကာလအတွင်း နိုင်ငံကျော် အနု ပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ် ၂၃ ရက်မှ ၂၉ ရက်အထိ ည ၈ နာရီမှစ၍ ခုနစ်ရက်တိုင်တိုင် ဖျော်ဖြေ တင်ဆက်လျက်ရှိရာ ဘုရားဖူးလာ ပြည်သူများနှင့် ဒေသခံပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးလျက်ရှိသည်။

 

ထိုသို့ ဖျော်ဖြေတင်ဆက် ရာတွင် ဘုရားဖူး အပန်းဖြေ လာရောက်ကြသူများနှင့် ဒေသခံ များအား သစ္စာမေတ္တာရွှေမန်း သဘင် တင်မောင်ဆန်းမင်းဝင်းပါဝင်သော မန်းအလင်္ကာဆန်း ဇာတ်သဘင်၊ DJ နှင့် စင်တင် တေးဂီတဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက် လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ၊ အပန်းဖြေလာရောက်ကြသူ ၃၅၀၀ ကျော် အေးချမ်းပျော်ရွှင်စွာ လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)