လေးမျက်နှာ ၁၅   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့နယ်၊ ခတ္တူကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်း ဝင်စတုမုခထူပါရုံစေတီတော်မြတ်ကြီး၏ အရေးပေါ် ယာယီငဝန်မြစ် ကမ်းထိန်းခြင်း လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ငဝန်မြစ်ရေ တိုက်စားမှုကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့က စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုဒ် ဂြိုလ်တိုင်(အုတ်တံတိုင်း) ခြေရင်းမှကပ်၍ မြေလုံးဝပြိုကျသွားခဲ့ပြီး စေတီတော်၏ အုပ်ဖိနပ်တော် အခြေနှင့် (၃၅)ပေခန့်သာ အကွာအဝေးကျန်သည့်အပြင် စေတီတော်မြတ်ကြီး၏ အရှေ့နှင့် အရှေ့တောင်ထောင့် ပန်းတင်ခုံနှင့် ကပ်လျက် အာရုဏ်ခံတန်ဆောင်း အဟောင်းမှာလည်း အက်ကြောင်းများ ဖြစ်ပေါ်လာသည့်အတွက်  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ SAE ဦးမြင့်အေး ဦးဆောင်၍ ကမ်းပါးပြိုကျမှု ဆက်လက်မဖြစ်ပေါ်စေရန် ရေနက်အိုးထဲ သဲအိပ်များချခြင်း၊ ကမ်းပါးပြိုကျသည့်နေရာနှင့် နီးသော အာရုံခံတန်ဆောင်းနှင့် ကမ္မဌာန်း ကျောင်းတော်အားဖျက်၍ ပြောင်းရွှေ့ခြင်း စသည့်အရေးပေါ်လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ရွှေမိုး(ပြန်ဆက်)