နေပြည်တော်၊ မတ် ၁၇
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဥဿာမြို့သစ် ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက် သူတော်ကောင်းများ အဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနားကို သာသနာ တော်နှစ် ၂၅၆၇ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပေါင်းလဆန်း ၈ ရက် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးတို့သည် ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီး တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော် ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား များကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနား တက်ရောက် လာကြသူများက ပဲခူးမြို့ ကြခတ် ဝိုင်းစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသထံမှ ကိုးပါး သီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက် ကပ်၍ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင် တားဆီးကာရံကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့်မိသားစု ဝင်များက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် လှူဖွယ် ပစ္စည်းများကို သန်လျင်မင်း ကျောင်း ဆရာတော်ကြီးထံသို့လည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်နှင့် လှူဖွယ် ပစ္စည်းများကို ပဲခူးမြို့ မြို့မဆရာ တော်ကြီးထံသို့ လည်းကောင်း သာဟတ္ထိကဒါနမြောက်ဆက်ကပ် လှူဒါန်းပူဇော်ကြသည်။
ထို့နောက် ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများကို သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သန်လျင် မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မိသားစု ဝင်များ၊ အဖွဲ့ဝင်များသည် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကာ မဟာမင်္ဂလာ မဏ္ဍပ်တော်ကြီးရှေ့ ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြသည်။
ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ ဇနီးနှင့် မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်းအနား တက် ရောက်လာကြသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာ ရည်များ ပက်ဖျန်းကြသည်။ တစ်ချိန်တည်းတွင် ကောင်စီ အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက အရံစေတီ တော်များအား စိန်ဖူးတော်များကို တင်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော် မြတ်ကြီးအား ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ထို့နောက် သံဃာတော်အရှင်သူ မြတ်များက ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ် ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူ ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ခေါင်းလောင်းတော်အား ကိုးချက်ထိုးခတ်ပူဇော်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မင်္ဂလာမော်ကွန်းကျောက်စာတော် အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်း တော်အား ကိုးချက်ထိုးခတ်ပူဇော် ကာ မေတ္တာပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီ တော်မြတ်ကြီး၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင်လက်မှတ်ရေးထိုး ပူဇော် သည်။ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တံခွန်တိုင်ကို ပရိတ်နံ့သာရည် များပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
အခမ်းအနားများအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား စတုဒိသာမဏ္ဍပ် များအတွင်း၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက် ပညာယျ စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် အထောက်အကူပြုအဖွဲ့များနှင့် ပရဟိတ အသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ် ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ် တွင် ထီးနန်းစိုးစံခဲ့ကြသည့် သမလမင်းဆက် (၁၇)ဆက် အနက် အဋ္ဌမမြောက် မွန်မင်းဆက် ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရား တို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော်မြတ် များအနက် ဉာဏ်တော်အမြင့်ဆုံး စေတီဖြစ်ပြီး စေတီတော်များရှိ ဌာပနာတိုက်များအတွင်း ရှေးမင်း အဆက်ဆက်တို့ ကိုးကွယ်တော်မူ ခဲ့သော မြတ်စွာဘုရားရှင်၏ သရီရ ဓာတ်တော်များ၊ အများပြည်သူတို့ လှူဒါန်းသည့် ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားများကို ထည့်သွင်းပူဇော် တည်ထားခဲ့ရာ သာသနာသက္ကရာဇ် ၁၄၈၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၂၉၈ ခုနှစ်တွင် တည်ထားပြီးမြောက် တော်မူခဲ့သည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူများ၊ စေတနာရှင် အလှူရှင်များက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြရာ စေတီသုံးဆူအနက် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဉာဏ်တော်အမြင့် ၂၀၄ ပေ၊ ထီးတော်အမြင့် ၄၃ ပေဖြင့် ပြန်လည် တင်လှူပူဇော်နိုင်ရေး ပဲခူးမြို့ ဓမ္မာလင်္ကာရကျောင်း အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိသုဒ္ဓ ဆရာတော်ကြီး အမှူးပြု၍ ခုနစ်ရက်သားသမီးများ၏ စုပေါင်း လှူဒါန်းမှုဖြင့် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလပြည့် ကျော် ၁၄ ရက်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် မတ် ၂၁ ရက်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဆရာတော် ကြီး ပျံလွန်တော်မူခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် စေတီတော် ကြီး ပြန်လည်တည်ထားကိုးကွယ် ရေးလုပ်ငန်းများမှာ ခေတ္တရပ်ဆိုင်း ခဲ့ရကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး ခုနစ်ရက် သားသမီး စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်