ဘားအံ ၉ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ အထင်ကရ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဖေဖေါ်ဝါရီ ၈ ရက် နံနက် ၆ နာရီခွဲက စုပေါင်းအမှိုက်ကောက်၍ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၃၅၀ ခန့်သည် ဆဒ္ဒန်ဂူပတ်ဝန်းကျင်၊ ဂူပတ်လမ်းနှင့် ဂူအတွင်း/အပြင်တို့တွင် စွန့်ပစ်ပလတ်စတစ်များနှင့် အမှိုက်ကောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)