တောင်ငူ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ရှေဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော် စိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်တို့အား (၇)ရက် သားသမီးများ လှူဒါန်းမှုဖြင့် ပင့်ဆောင်ပူဇော်ပွဲကို မတ် ၄ ရက် နံနက်ပိုင်းက တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကိုးခန်းဂန္ထဝင်သိမ်တော်ကြီးမှ မြတ်စောညီနောင် နောင်တော်ကြီးစေတီတော်သို့ ပင့်ဆောင်ပူဇော်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ (၇)ရက်သားသမီးများ လှူဒါန်းထားသည့် ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော် စိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်ကို နံနက် ၇ နာရီတွင် တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ကိုးခန်းဂန္တဝင်သိမ်တော်ကြီးမှ ဦးမှန်းလမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်းအတိုင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံပြီး မြတ်စောညီနောင်ဘုရား၊ နောင်တော်ကြီးစေတီတော်သို့ ပင့်ဆောင်ပူဇော်ခဲ့သည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် နောင်တော်ကြီးစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ၊ ရွှေထီးတော်၊ ငှက်ပျောဖူးတော်အား မျက်ပါးရွှေ ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များ ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ၂၀၂၃ ခုနှစ်၊ မတ် ၅ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဦးဆောင်ဘုရားဒါယိကာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဇနီး ဒေါ်ဖြူဖြူသန့်တို့က (၇)ရက် သားသမီးများနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။

ခရိုင်(ပြန်/ဆက်)