တောင်တွင်းကြီး နိုဝင်ဘာ ၁၈ 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ပန်း၁၀၀၀၊ နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

 “စေတီတော်မြတ်ကြီးမှာ တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းမှာ ဆီမီး ၁၀၀၀ ၊ ပန်း၁၀၀၀နဲ့နံ့သာ၁၀၀၀ ပူဇော်ဖို့အတွက်  စီစဉ်ထားတယ်၊  သီတင်းကျွတ်လပြည့်တုန်းက ပဌာန်းရွတ်ဖတ်ပူဇော်ပွဲနဲ့ ဆီမီးပူဇော်ပွဲပဲ ကျင်းပပြုလုပ်ခဲ့တယ်၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများအနေနဲ့ လာရောက်ဖူးမြော်နိုင်အောင် စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၆ နာရီ ကနေ ည ၆ နာရီ အချိန်ထိ  ပြန်လည်ဖွင့်လှစ်ပေးထားပါတယ်” ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစံသိန်းက  ပြောသည်။ 

လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာခြင်းကြောင့် အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများ ဝင်ရောက်လည်ပတ်ဖူးမြော်နိုင်ရန် စေတီတော်မြတ်ကြီးအား ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)