ရေဇွာ ၊     ၁၉     ဇန်နဝါရီ

 

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေး စစ်ဆေးဂိတ်(၂)ခု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အဆိုပါဂိတ်များအား မြို့အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များက နေ့စဉ်သွားရောက်စစ်ဆေးလျက်ရှိသည်။ 

 

mdn

      

      

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ခရီးသွားပြည်သူများအား မြို့ဝင် မြို့ထွက် ဂိတ်များတွင် ကိုယ်အပူချိန်တိုင်တာခြင်းများအပြင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်များပါရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်းမှတ်သားခြင်း၊ ခရီး သွားပြည်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဟုန်းအွမ်(ပြန်/ဆက်)