ရေဇွာ ၊ ၂၀ ဇန်နဝါရီ
ချင်းပြည်နယ်၊ ရေဇွာမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥဒေများ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက ရေဇွာမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကျေးရွာအုပ်စု လေးအုပ်စုမှ စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးထင်လင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများနှင့်အညီ ရွေးချယ်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြပြီး မြို့အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိသည်။
ဟုန်းအွမ်(ပြန်/ဆက်)


