ရွေးကောက်ပွဲ

၁၅  ဩဂုတ်

မိမိတို့ ပြည်သူပြည်သားများ၏ အခွင့်အရေးနှင့် တာဝန်အရ၊ နိုင်ငံ၏သိက္ခာအရ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်၊ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် ကျင်းပနိုင်သည်ကို ပြသလိုပါကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ၏ အရည်အချင်းသည် ငွေရေးကြေးရေးပေါ်တွင်သာ အခြေခံခြင်းမဟုတ်ဘဲ တာဝန်သိမှု၊ စည်းကမ်းထိန်းသိမ်းမှု၊ နိုင်ငံအပေါ် သစ္စာစောင့်သိမှုအပေါ်တွင်သာ အခြေခံပြီး အောင်မြင်အောင် လုပ်ဆောင် သွားသည်ကို ပြသလိုပါကြောင်း။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၅-၈-၂၀၂၀ ရက်နေ့တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)