မိုင်းရယ် ၂၃ အောက်တိုဘာ

 

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့ နံနက်(၁၀) နာရီက ဆန္ဒမဲလက်မှတ်များအား စစ်ဆေးခြင်းကို မိုင်းရယ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။

 

အဆိုပါ ဆန္ဒမဲလက်မှတ်များအား  ပါဝင်အရေအတွက်   ပြည့်/မပြည့် စစ်ဆေးခြင်း၊ မင်စွန်းထင်းမှုများ ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဌာနများရှိ ဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 

မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)အုပ်စု စုစုပေါင်း (၂၈) အုပ်စုတွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၁၄ ရက်နေ့ထိ မဲရုံ ၄၅ ရုံ၌ မဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက်မှာ ၄၈၅၄၈ ဦးရှိကြောင်း သိရှိရသည်။

 

ခင်မာလာ(ပြန်ဆက်)

 

mdn