မင်းဘူး ၄ ဖေဖော်ဝါရီ    

                

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီခွဲက မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်၊ ဆင်ခေါင်းလမ်း စိန်ခြယ်ခန်းမဆောင်၌ ကျင်းပသည်။

 

မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမြင့်ကျော်က အမှာစကား ပြောကြားပြီး၊ အဖွဲ့ဝင်ဦးသန်းဦးမှ မင်းဘူးခရိုင်နယ်မြေအတွင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်၍ ရွေးကောက်ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ဖွင့်လစ်ပို့ချခြင်း၊ သင်တန်းပို့ချမှုနှင့် သင်ယူလေ့လာရန်တို့ကို ဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ သင်တန်းဆရာများက မဲရေတွက်ခြင်းဆိုင်ရာ လုပ်ငန်းများများကို လက်တွေ့သရုပ်ပြ ပို့ချပြီး၊ သင်တန်းကို ဖေဖေါ်ဝါရီ (၄) ရက်မှ (၅) ရက်အထိ ပို့ချသွားမှာဖြစ်ကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)

 

mdn