မော်လမြိုင် ၁၄ ဇန်နဝါရီ     

     

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွင့်လှစ်သော ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ မြန်မာနိုင်ငံဆရာဝန် အသင်းခန်းမ၌ ကျင်းပသည်။

 

6

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဇော်က “ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ယူဆောင်ရွက်နေရသည့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များနှင့်အညီ ကျွမ်းကျွင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေးနှင့် စွမ်းဆောင် ရည်များ မြင့်မားနေရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် ဆရာဖြစ်သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းက ပို့ချသည်များကို စနစ်တကျလေ့လာသင်ယူကြရန်နှင့် မိမိတို့ ကိုယ်တိုင်လက်တွေ့ဆောင်ရွက်ရသည့် အတွေ့အကြုံများ၊ ဗဟုသုတများကို စိတ်ပါဝင်စားစွာ မှတ်သား လိုက်နာကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ဒေသများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များနှင့် မဲရုံအဖွဲ့ဝင်များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် အခက်အခဲမရှိ ပို့ချနိုင်မှာဖြစ်ပါ ကြောင်း” ပြောကြားသည်။

 

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတွက် အဓိကကျသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်(Code of Conduct)(COC)၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ကြိုတင်မဲပေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲစောင့်ကြည်လေ့လာသူများ စီမံခန့်ခွဲခြင်း၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍများ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း လမ်းညွှန်များ စသည့် အခြေခံကျသော သင်ခန်းစာများကို ခေါင်းစဉ်(၁၀)ခုဖြင့် ပိုချပေးသွားမည့်ဖြစ် ကြောင်း  မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ(အများယုံကြည် လေးစားခံရသောပုဂ္ဂိုလ်)၊ ဝန်ထမ်းများ စုစုပေါင်း(၄၅)ဦး တက်ရောက်ပြီး သင်တန်းကို ၂ ရက်ကြာ ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)