လှိုင်းဘွဲ ၁၁ နိုဝင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင်အသုံးပြုခဲ့သော မဲပုံးနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အထွေထွေရွေးကောက်ပွဲတွင် ထုတ်ယူအသုံးပြုခဲ့သော မဲပုံး၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ ချိတ်ထိုးတံဆိပ်တုံး၊ အမှန်ခြစ် တံဆိပ်တုံး၊ ချိတ်တောင့်၊ မှင်နှင့် အခြားမဲရုံသုံးပစ္စည်းများကို စနစ်တကျ လာရောက်အပ်နှံခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မရုံသုံးပစ္စည်းများကို ပျောက်ဆုံးပျက်စီးမှု မရှိစေရေးအတွက် စနစ်တကျ လက်ခံရယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


