၁၀ ဇွန်
ရွေးကောက်ပွဲမှာ မမျှတဟုဆိုကာ ဆန္ဒဖော်ထုတ်ခဲ့သည့် ရာနှင့်ချီသော ဆန္ဒပြသူများကို ကာဇတ်စတန် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
နှစ်ပေါင်း ၃၀ နီးပါး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် သမ္မတ Nursultan Nazarbayev သည် မတ်လအတွင်းက နုတ်ထွက်ပြီးနောက် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
Nazarbayev ၏ ထောက်ခံမှုရရှိထားသည့် ကြားဖြတ်သမ္မတ Kassym-Jomart Tokayev က ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ရသည်။
ရွေးကောက်ပွဲမှာ မမျှတဟုဆိုကာ လူပေါင်းများစွာက Nur-Sultan မြို့တော်နှင့် နိုင်ငံတောင်ပိုင်းရှိ စီးပွားရေးမြို့တော် Almaty၌ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။
မြို့တော်အတွင်းဆန္ဒပြသူများကို လုံခြုံရေးရဲတပ်ဖွဲ့များက လမ်းများကို ပိတ်ဆို့တားဆီးခဲ့ကြသည်။
ခွင့်ပြုချက်မရှိပဲ စုဝေးမှုများကြောင့် ဆန္ဒပြသူ ၅၀ဝ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်