နေပြည်တော် ၂၃ စက်တင်ဘာ
ဂျပန်နိုင်ငံ Mitsubishi Research Institute (MRI) မှ ရွေးကောက်ပွဲများတွင် အသုံးပြုနိုင်မည့် Electrical Identification System သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ ဝင်များ၊ MRI ၏ General Manager of Digital Innovation Division , Mr. Tomoki Takahashi နှင့် အဖွဲ့၊ ကော်မရှင်မှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် Mr. Tomoki Takahashi နှင့် အဖွဲ့က Electrical Identification System နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် မဲဆန္ဒရှင်များ မဲရုံသို့ ဆန္ဒမဲပေးရန် ရောက်ရှိလာသည့်အချိန်တွင် Electrical Identification System ကို အသုံးပြု၍ မဲစာရင်းနှင့် မဲဆန္ဒရှင်အချက်အလက်များ တိုက်ဆိုင်စိစစ်ခြင်း၊ မဲပေးခွင့်ပြုခြင်းစသည့်လုပ်ငန်းစဉ်များကို လက်တွေ့သရုပ်ပြသပြီး ကော်မရှင်မှတာဝန်ရှိသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြား၍ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
( သတင်းစဉ် )


