ရွေးကောက်ပွဲမတိုင်မီအထိ မဟာသီဟာရဲ့ပါတီလှုပ်ရှားမှုတွေ ပိတ်ပင်ခံရ

၆ ဧပြီ

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီဟာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်ခံပါတီရဲ့ လှုပ်ရှားမှုတွေ မလေးရှားအစိုးရက ရက်ပေါင်း ၃၀ ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ သီးတင်းပတ် အနည်းငယ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်၊ အဲဒီအချိန်အထိ အခုပိတ်ပင်မှုက ဆက်သွားမယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။

မဟာသီဟာ ခေါင်းဆောင်တဲ့ PPBM ပါတီက လူအစုအဝေးလုပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလိုပိတ်ပင်ရတာဖြစ်ကြောင်း အစိုးရက ဧပြီ ၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြောငြာပါတယ်။

သိပ်မကြာခင်မှာ အောက်လွတ်တော် ဖျက်သိမ်းပြီး ဒီလကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ သုတေသီတွေက ခန့်မှန်းနေကြပါတယ်။

မဟာသီဟာက ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံဖို့အတွက် အတိုက်ခံပါတီ လေးပါတီကို ကိုယ်စားပြုပြီး လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေပါတယ်။ တကယ်လို့ သူ့ပါတီရဲ့ လှုပ်ရှားမှုတွေ ပိတ်ပင်ခံနေရဆဲကာလမှ ရွေးကောက်ပွဲကျင်းပခဲ့ရင် သူ ယှဉ်ပြိုင်အခွင့်အရေး လက်လွတ်သွားနိုင်ပါတယ်။

အတိုက်ခံပါတီ အဖွဲ့ဝင်တွေကတော့ ဒီပိတ်ပင်ညွှန်ကြားချက်က ဝန်ကြီးချုပ် နာဂျစ်ရာဇက် ရဲ့ လက်ရှိအစိုးရ ဆီကလာတာလို့ ပြောဆိုနေကြပါတယ်။

မဟာသီဟာ ပြန်လည်အရွေးခံရဖို့အတွက် နည်းလမ်းရှာဖို့ အတိုက်ခံပါတီတွေက အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပကြပါတယ်။ အဲဒီအစည်းအဝေးအပြီးမှာ မဟာသီဟာက ဒီလိုအဖြစ်အပျက်တွေ ရင်ဆိုင်နိုင်ဖွယ်ရှိတာကြောင့် သူတို့ အနေနဲ့ ပြင်ထားကြောင်းနှင့် သူတို့ရဲ့ သွေးစည်းညီညွှတ်မှုကို ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။

မဟာသီဟာ ဟာ ဝန်ကြီးချုပ်အဖြစ် နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၁၅ ခုနစ်မှာ အာဏာရလာတဲ့  နာဂျစ် ဟာ လာဘ်စားမှုတွေ ရှိတယ်ဆိုတဲ့ စွတ်စွဲချက်တွေကြောင့် အခုလို မဟာသီဟာက နိုင်ငံရေးစင်မြင့်မှာ ပြန်လည်ရောက်ရှိ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဘာသာပြန် MDN

ကိုးကား NHK