ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ဟောင်း Ross Perot  ၈၉ နှစ် ကွယ်လွန်

၁၀ ဇူလိုင်

 

အမေရိကန်နိုင်ငံ၏ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် နှစ်ကြိမ်နှင့် ဘီလျံနာသူဌေး ဖြစ်သူ Ross Perot သည် အသက် ၈၉ နှစ်အရွယ်တွင် သေဆုံးခဲ့သည်။  Ross Perot သည်  ကွန်ပျူတာလုပ်ငန်း လုပ်ဆောင်သော စီးပွားရေးသမားတစ်ဦး ဖြစ်သည်။

 

Ross Perot သည် သမ္မတရွေးကောက်ပွဲကို သူ၏ကိုယ်ပိုင်ငွေဖြင့် ၁၉၉၂ ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း Ross Perot  သည် ထောက်ခံမှုအများဆုံး ရရှိခဲ့သည်။

 

ဒီမိုကရက်ပါတီ ဘီလ်ကလင်တန် အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲတွင် Ross Perot သည်  မဲအရေအတွက် ၁၉ ရာခိုင်နှုန်းဖြင့် အဆုံးသတ်ခဲ့သည်။ Ross Perot သည်  ၁၉၉၆ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးပါတီဖြင့် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

Ross Perot  ကိ်ု မျိုးချစ်စိတ်ပြင်းထန်သူတစ်ဦး အဖြစ် လူသိများခဲ့ကြသည်။ Ross Perot  သည် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန် အကျဉ်းသားများ ဆေးကုသမှု တိုးတက်ကောင်းမွန်လာစေရန် စည်းရုံးလှုံ့ဆော်မှုတွင် ဦးဆောင်ခဲ့သည်။ အရှေ့တောင်အာရှသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် Ross Perot  က ဂျက်လေယာဉ်နှစ်စီး စင်းလုံးငှားခဲ့သည်။

 

၁၉၇၉ ခုနှစ် က အစ္စလာမ့်တော်လှန်ရေးမတိုင်မီ အီရန်နိုင်ငံတွင် သူ၏ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ပုဂ္ဂလိက ကယ်ဆယ်ရေး ကွန်မန်ဒိုတပ်ဖွဲ့ ကို Ross Perot  က ငွေကြေးထောက်ပံ့ခဲ့သည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို