နေပြည်တော်၊ မေ ၁၉

နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း   အမှတ်စဉ်(၁/၂၀၂၄)နှင့်  အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရ နေရာများသို့ သီးခြားစီသွားရောက်လေ့လာခဲ့ကြသည်။

ရေကြောင်းလူငယ်မောင်မယ်များသည် နေပြည်တော်ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ  မဟာဗောဓိ စေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုခဲ့ကြပြီး တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့  သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကာ သင်တန်းသားများ၏ သိရှိလိုသည်များ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

လေကြောင်းလူငယ်မောင်မယ်များသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

mdn