ရန်ကုန် ၆ သြဂုတ်

 


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် Omni-tech Company Limited တို့ပူးပေါင်း၍ မြန်မာသင်္ဘောသားများအတွက် ILO Convention (C-185) နှင့်အညီ ထုတ်ပေးမည့် သင်္ဘောသားသက်သေခံလက်မှတ် (Seafarers Identity Smart Card) စတင်ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒေါပုံသင်္ဘောကျင်းဝင်းရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

 

နနန


အခမ်းအနားတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က သင်္ဘောသားများအတွက် ILO Convention (C-185) နှင့်အညီ သင်္ဘောသား သက်သေခံလက်မှတ် (SID) Smart Card စတင်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး ကုမ္ပဏီမှ SID Card စတင်လုပ်ငန်းဆောင်ရွက်ရန် Security Key အား ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသားဌာနခွဲသို့ လွှဲပြောင်းပေးအပ်သည်။ 

 


သတင်းစဉ်