မြို့သစ် ၉ ဇန်နဝါရီ  


မကွေးခရိုင် မြို့သစ်မြို့နယ် ပုလင်းကျေးရွာအနီးရှိ တောင်တွင်-မြို့သစ်သွားကားလမ်း ရေကျော်တွင် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

IMG_20190108_160302


မြို့သစ်ဘက်မှ တောင်တွင်းကြီးဘက်သို့ နန္ဒမျိုး ပြည်မြို့နေသူမောင်းနှင်ပြီး ဘိလပ်မြေ အိတ်များ တင်ဆောင် လာသည့် UD ပုံပြောင်း အမျိုးအစား အဝါရောင် (၂၂)ဘီးမော်တော်ယာဉ်သည် မိုင်တိုင်အမှတ် (၁၃/၇)နှင့်(၁၄)အကြား အရောက်တွင် တောင်တွင်းကြီးဘက်မှ မြို့သစ်ဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ဝင်း ရုံစင်ကြီးကျေးရွာ တောင်သာမြို့နယ်နေသူ မောင်းနှင်ပြီး ဆန်အိတ်များ တင်ဆောင်လာသော MDY-ITL.R/---- အမျိုးအစား ရွှေအိုရောင်(၁၈)ဘီး ယာဉ်နှင့်ပုလင်းရေကျော်အလယ်၌ မော်တော်ယာဉ် မျက်နှာချင်းဆိုင် လုမောင်းရာမှ ယာဉ်(၂)စီး ပွတ်တိုက်မိပြီး နန္ဒမျိုး မောင်းနှင်လာသော မော်တော်ယာဉ်မှာ ကားလမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြို့သစ်မြို့မစခန်းမှ ယာဉ်မောင်း နန္ဒမျိုးနှင့် ခင်မောင်ဝင်းတို့အား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဇော်ဇော်(မြို့သစ်)