မန္တလေး ၆ ဩဂုတ်

 

ရန်ကုန်-မန္တလေး မီးရထားလမ်းရေကျော်မှုကြောင့် ပျက်စီးသွားသည့်နေရာများ ပြန်လည်ပြုပြင်ပြီး ဖြစ်သဖြင့် ယနေ့ရထားခရီးစဉ်များ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာ့မီးရထား သွား/လာ (မန္တလေးတိုင်း ဒေသကြီး)ဌာနမှ သိရသည်။

 

mdn

 

ရန်ကုန်-မန္တလေး ရထားလမ်း တော်ဝိဘူတာနှင့် ပိန်းဇလုတ်ဘူတာကြားတွင် မီးရထားလမ်း ရေကျော် နေသဖြင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ သြဂုတ် ၄ ရက်က ယာယီရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။

 

“ရေတိုက်စားလို့ ပျက်စီးသွားတဲ့ နေရာတွေကို ပြန်လည်ပြုပြင်ပြီးဖြစ်လို့ ဒီကနေ့မနက် (သြဂုတ်လ ၆) ၈ နာရီက ရထားလမ်း ပြန်ဖွင့်လိုက်ပါပြီ” ဟု မြန်မာ့မီးရထား သွား/လာ (မန္တလေးတိုင်းဒေသကြီး)ဌာန၊ လက်ထောက်မန်နေဂျာ ဦးနေလင်းအောင်ကပြောသည်။

 

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မွန်းလွဲ ၃ နာရီနှင့် ညနေ ၄ နာရီခွဲ၌ စတင်ထွက်ခွာသည့် အစုန် ၄၊ အစုန် ၆ နှင့် အဆန် ၃၊ အဆန် ၅ ရထားများ ပြေးဆွဲနေခြင်းဖြစ်ပြီး ရထားလမ်းရေကျော်မှုကြောင့် ဩဂုတ် ၅ ရက်က အဆိုပါရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားခဲ့ရသည်။

 

မေသက်ထား

Photo- မြန်မာ့မီးရထား