၂၈ မတ်
ဘဲလားရုစ်နိုင်ငံရှိ ကယ်ဆယ်ရေးဌာနတစ်ခုမှာ လင်းနို့အုပ်စုတစ်စုဟာ ဆောင်းရာသီ သုံးလကို ရေခဲသေတ္တာထဲမှာ နေထိုင်ကြပြီး ဆောင်းရှောင်ကြရာ အခုလို နွေဦးရောက်ပြီဆိုရင် ပြင်ပကမ္ဘာကို ပြန်လည်ရောက်ရှိလေ့ ရှိပါတယ်။ လင်းနို့တွေကို အဝတ်အိတ်လေးများ တွင်း ထည့်ပြီး ရေခဲသေတ္တာထဲမှာ ချိတ်ထားတာကိုတွေ့ရပါတယ်။ သူတို့နဲ့ သင့်တော်တဲ့အပူချိန်နဲ့ စိုထိုင်းမှုကို ပေးထားသော ရေခဲသေတ္တာထဲမှာ နှစ်စဉ် ဆောင်းရှောင်ဖို့အတွက် သုံးလလုံး အိပ်နေကြလေ့ရှိပါတယ်။

ဘဲလားရုစ်နိုင်ငံမြို့တော် မစ်ခ်မှာရှိတဲ့ ခိုဇန်နိုပိုလီစ် ကယ်ဆယ်ရေးဌာနမှာ လင်းနို့တွေအတွက် ဆောင်းခိုရန် လုပ်ဆောင်ထား တာဖြစ်ပါတယ်။ လင်းနို့အကောင်ရေ ၃၂ ကောင်ဟာ ဥရောပတဝိုက်မှာတွေ့ရတဲ့ parti-coloured နှင့် serotine လင်းနို့အမျိုးအစားနှစ်မျိုးဖြစ်ပါတယ်။ လင်းနို့ကယ်ဆယ်ရေးဌာနဟာ အစိုးရက ရန်ပုံငွေထောက်ပံ့နဲ့ လည်ပတ်နေတာမဟုတ်ဘဲ လူထုရဲ့ရန်ပုံငွေနဲ့သာ လည်ပတ်နေတာလို့ သိရပါတယ်။

ဥရောပမှာ နွေဦးရောက်ချိန် ပြင်ပအပူချိန် ၁၀ ဒီကရီစင်တီဂရိတ် ရောက်ချိန်မှာ အိတ်အတွင်းက လင်းနို့တွေရဲ့ ကိုယ်အပူချိန်ဟာ မြင့်တက်လာတဲ့အတွက် အိပ်ပျော်နေတဲ့ လင်းနို့တွေ နိုးထလာတာဖြစ်ပါတယ်။

လင်းနို့တွေရဲ့ ကျန်းမာရေးအတွက် အလေးချိန် ချိန်တွယ်ရန် အိပ်စက်နေတဲ့ အိတ်ထဲကနေ စက်ပေါ် တင်လိုက်လိုက်တဲ့အချိန်မှာ လင်းနို့တွေဟာ အတောင်တွေ စတင်ဖြန့်လာပြီး ပြင်ပကမ္ဘာကို ပျံသန်းရန် အသင့်ရှိလာတာကိုတွေ့ရကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
