၁၀ သြဂုတ်
လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲမြစ်တွေအရည်ပျော်တာ၊ သစ်တောတွေပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်းရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အနေအအထားကိုကျော်လွန်ပြီး ရေကြီးနစ်မြုပ်တဲ့အဆင့်ကို ရောက်ရှိလာနေပါတယ်။ တစ်နှစ်ထက်တစ်နှစ်ရေကြီးမှုတွေက ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာ မျှော်လင့်မထားတဲ့ရေကြီးမှုတွေအန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။
ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ
ရေကြီးလာနိုင်တဲ့အလားအလာတွေရှိနေမယ်၊ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်တဲ့အခါမျိုးမှာ ဒီအချက်တွေကို ပြင်ဆင်ထားဖို့လိုပါမယ်။
သောက်သုံးရေ သိုလှောင်ပါ
အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ဆံပင်အခြောက်ခံစက် စတဲ့ လျှပ်စစ်နဲ့အသုံးပြုရတဲ့ ပစ္စည်းတွေကို ရေမရောက်နိုင်တဲ့ နေရာမှာ ထားပေးပါ
အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို လုံခြုံအောင်သိမ်းဆည်းပါ
ရေသန့်ဆေးကြိုဆောင်ထားပါ
လိုအပ်မယ့်ဆေးဝါးအသုံးအဆောင်တွေပြင်ဆင်ထားပါ
စားစရာတွေ သိုလှောင်ထားပါ
လက်နှိပ်ဓာတ်မီး
ရေဒီယို
ဓာတ်ခဲအပို
ရေမလိုလက်သန့်ဆေးရည် စတာတွေကို ပြင်ဆင်ထားသင့်ပါတယ်။
ရေကြီးနေချိန်မှာ ဘာတွေပြင်ဆင်ရမလဲ
ရေကြီးနေချိန်မှာ အကောင်းဆုံးစောင့်ရှောက်မှုက မဖြစ်မနေလိုအပ်မှာပါ။
လျှပ်စစ်မီးစီးဝင်မှုမရှိစေဖို့ မိန်းချထားပါ
အစားမစားခင်စားပြီးချိန်တွေမှာ လက်ကို ရေမလိုလက်သန့်ဆးရည်သုံးပြီးသန့်စင်ပါ
သိုလှောင်ထားတဲ့ရေကိုပဲ အသုံးပြုပေးပါ
ရေဒီယိုကို နားထောင်ပေးပါ
ရေကြီးနေတဲ့ရေထဲကို ဖြတ်မလျှောက်ပါနဲ့
ရေကြီးနေတဲ့ ရေတွေကို မသုံးပါနဲ့
ဝမ်းနူးစာတွေမစားပါနဲ့
ခြင်ကိုက်မခံရအောင်ဂရုစိုက်ပါ။
ရေကျသွားတဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲ
ရေကြီးပြီး ပြန်ကျသွားပြီဆိုရင်
အိမ်မှာ ပျက်စီးမှုတစ်စုံတရာရှိ၊မရှိသေချာစစ်ဆေးပါ
မှောင်တဲ့နေရာတွေကို လက်နှိပ်ဓာတ်မီးနဲ့သွားပါ
ရေကြီးတုန်းက ရေတွေကို ပြန်မသုံးပါနဲ့
ရေတွေကို ကလိုရင်းခတ်ပြီးမှ သုံးပါ
ရေကျပြီးသွားချိန်မှာ လျှပ်စစ်မီးတွေကို အလောတကြီးမဖွင့်ပါနဲ့
နေအိမ်ကို သေချာသန့်ရှင်းသွားအောင် လုပ်ပါ၊ လိုအပ်ရင် ပိုးသတ်ဆေးတွေသုံးပါ
သန့်ရှင်းရေးလုပ်တဲ့အခါ လည်ရှည်ဖိနပ်၊ လက်အိတ်တွေဝတ်ပါ
ရေတက်စဉ်ကအသုံးပြုထားတဲ့ အသုံးအဆောင်တွေအားလုံးကို သန့်စင်ပါ၊
လိုအပ်ရင် ပိုးသတ်တာမျိုးတွေလုပ်ပါ
အာဟာရပြည့်ဝအောင် စားသုံးပါ
ပြည့်ပြည့်ဝဝအနားယူပေးပါ
သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက်တွေမစားပါနဲ့
အသုံးပြုမယ့် ရေအရင်းအမြစ်ကို သေချာဂရုစိုက်ပါ။
ဒီအချက်တွေကို သေချာဂရုစိုက်ပြီး ရေကြီးတဲ့အချိန်မှာ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရေကြီးမှုကြောင့်ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်နဲ့ ကျန်းမာရေးထိခိုက်မှုတွေကနေ ကာကွယ်လိုက်ပါ။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”