ကျိုက်မရော ၂၆ စက်တင်ဘာ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် သြဂုတ်လအတွင်းက ရေကြီးနစ်မြှပ်ခဲ့သော အမကစာသင်ကျောင်းများရှိ ကျောင်းသားကျောင်းသူများအတွက် မြန်မာနိုင်ငံရောက်ဂျပန်လူငယ်များအဖွဲ့မှ ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်၉နာရီက မိကသစ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂျပန်နိုင်ငံမှလူငယ်များကိုယ်စားဦးသန်းမောင်နှင့်ကျိုက်မရောလူငယ်ပရဟိတ အဖွဲ့တို့မှ အမက မိကသစ်ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းဝတ်စုံ (၁၀ဝ) နှင့် စာရေးကိရိယာများဗလာစာအုပ်များကို ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများသောက်သုံးရန်အတွက် သောက်ရေသန့်စက်နှင့် စာရေးခုံများလည်းလိုအပ်လျှက်ရှိနေပါကြောင်း အဆိုပါ ကျောင်းမှ တာဝန်ခံဆရာမတစ်ဦးက ပြောသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


