နေပြည်တော်  အောက်တိုဘာ

 

ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သော မိုးစပါးစိုက်ဧရိယာများတွင် ရေပြန်လည်ကျဆင်းပြီးနောက် ထိခိုက်ခဲ့သော စပါးခင်းများအား ပြန်လည်ကုစားရန်အတွက် မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ ထည့်သွင်းခြင်း လုပ်ငန်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု မိုးစပါးဧက(၁၀၀) ဆောင်ရွက်ခဲ့ပြီး ပြန်လည်ကုစားခြင်းအတွက် တစ်ဧကလျှင် ယူရီးယား(၂၈)ပေါင်၊ သဘာဝမြေဩဇာ ()အိတ်၊ ပိုတက်မြေ ဩဇာ(၂၈)ပေါင်၊ ကျောက်မှုန့် (၅၆)ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ (၅၀၀)ဂရမ်နှုန်း တို့ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လည်ကုစားခဲ့သော မိုးစပါးစိုက်ခင်းများ ကောင်းမွန်စွာ ဖြစ်ထွန်းလျက်ရှိပြီး သက်မှတ်အထွက် နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။

 

သို့ပါ၍ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သော မိုးစပါးစိုက်ခင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနက သက်မှတ် ထားသော သွင်းအားစုနှုန်းထားများအတိုင်း ထည့်သွင်းကုစားခြင်းဖြင့် မျှော်မှန်းထားသော အထွက်နှုန်း များအတိုင်း ရရှိနိုင်မည်ဖြစ်ပါ၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ခဲ့သော တောင်သူများအနေဖြင့် စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တိုက်တွန်းထားရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)