ကြာအင်းဆိပ်ကြီး ၂၀ သြဂုတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ပထမအပတ်မှ စတင်ကာ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းစေရေးနှင့် အချို့ကျောင်းများတွင် ရေဘေးရှောင်စခန်းများ ယာယီဖွင့်လှစ်ထားမှုကြောင့် စာသင်ကျောင်း ၉၁ ကျောင်း ယာယီပိတ်ထားခဲ့ရသည်။
ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သောကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်စာသင်ကျောင်းများနှင့် ကျေးရွာများမှ စာသင်ကျောင်း (၉၁)ကျောင်းအား ပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းစွာ စာသင်ကြားနေပြီ ဖြစ်ကြောင်းသိရသည်။
မျိုးမင်းဦးပြန်/ဆက်


