၈ ဒီဇင်ဘာ
မကြာမီ ကျင်းပတော့မယ့် ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းကို လတ်တလောမှာ ထုတ်ပြန်ပေးခဲ့ရာမှာတော့ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါ ခေါင်းဆောင်ပါဝင် ထားတဲ့ရုပ်ရှင် “A Star Is Born” နဲ့ “Black Panther” တို့က ဆုနေရာ အများဆုံးပါဝင်နေပြီး ဆန်ခါတင်စာရင်းကို ဦးဆောင်နေတာဖြစ်ကြောင်း ကော့စမိုပိုလီတန်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်စာရင်းမှာ “A Star Is Born” နဲ့ “Black Panther” နှစ်ကားစလုံး ပါဝင်နေတာဖြစ်ပါတယ်။ အကောင်းဆုံးဟာသနဲ့ တေးဂီတ ရုပ်ရှင်ဆုစာရင်းမှာတော့ ရုံတင်ပြချိန်မှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တဲ့ “Crazy Rich Asians” ရုပ်ရှင်လည်း ပါဝင်နေတာ တွေ့ရပါတယ်။
အေးပြည့်