ညောင်လေးပင် ၆ သြဂုတ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမှာ ယနေ့ ၁ နာရီ တိုင်းတာချက်အရ စိုးရိမ်အမှတ် (၁၀၇၀) စင်တီမီတာ ထက်ကျော်လွန်ပြီး (၁၁၉၄) စင်တီမီတာထိလည်းကောင်း၊ ရွှေကျင်မြစ်ရေ စိုးရိမ်အမှတ် (၇၀ဝ) စင်တီမီတာမှ (၇၈၂) စင်တီမီတာထိ မြင့်တက်လာခြင်းကြောင့် မြေအနိမ့်ပိုင်း နေအိမ်များမှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်း (၉)ကျောင်းအား ခေတ္တပိတ်ထားရကြောင်း သိရသည်။

 

d8

 

သြဂုတ် (၃) ရက်မှ စတင်ပြီး ရွှေကျင်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းနေထိုင်သူများမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဆွေမျိုးအိမ်များသို့ ပြောင်းရွေ့ နေထိုင်ရကြောင်း၊  သြဂုတ် ၆ ရက်တွင် ကျေးရွာအုပ်စု (၁၃) စု အိမ်ထောင်စု (၄၈၀)  လူဦးရေ (၂၄၀ဝ) ခန့်အထိ ရေဘေးကြုံနေရပြီး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။

 

eee3

 

ရေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးနှင့် ကျန်းမာရေးအတွက် မြို့နယ်သဘာဝဘေး ကြီးကြပ်မှုကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသလို နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားကြောင်း၊ အလှူရှင်များမှ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ အာလူး၊ ရေသန့်နှင့် စားသောက်ကုန်နှင့် အသုံးဆောင်ပစ္စည်းများ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

ခင်မောင်လွင် (ညောင်လေးပင်)