ရွှေကျင် ၂၉  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဖွင့်ပွဲကို ကျင်းပခဲ့သည်။

 

အဆိုပါ ဆေးရုံဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းတို့က ဆေးရုံဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါဆေးရုံကို နိုင်ငံတော်အစိုးရမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၆၀ဝ၀ ဖြင့် ဇင်းချောင်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံဖွင့်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကွမ်းဆိပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၀ဝ ကျော်ခန့် တက်ရောက်ခဲ့သည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)