ရွှေကျင် ဇူလိုင် ၂၆

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူး‌ပေါင်းအဖွဲ့က ရွှေကျင်မြို့မဈေးအတွင်းရှိ အသား၊ ငါးနှင့် ကြက်ဥဆိုင်များအား သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ ယမန်နေ့နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးသည်။

 

စစ်ဆေး

 

ထိုသို့ လိုက်လံစစ်ဆေးရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်လတ်နှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက အသားဆိုင်များတွင် အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ကြက်သား၊ ကြက်ဥတို့ကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်း၊ အသားစျေးနှုန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက လက်ကိုင်စပီကာဖြင့် ကြေညာ၍ ရောင်းချပေးခြင်း တို့ကို နေ့စဉ် စောင့်ကြည့်ကြပ်မတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)