ရွှေကျင် ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ခုနှစ် သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဩဂုတ် ၁၀ ရက်နံနက် ၁၀နာရီအချိန်တွင် ကျင်းပသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း ၂၀၁၉ခုနှစ် သဘာဝဘေးကြောင့် မိုးစပါးပျက်စီးခဲ့သည့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၆)ရွာမှ ဧကပေါင်း(၄၀၄၁)ဧကအတွက် တစ်ဧကလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ်(၄၀၄၁၀၀၀၀)တိတိအား ပေးအပ်ရာ တောင်သူများ၏ကိုယ်စား ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများကလက်ခံရရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလှမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအေးချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်မြင့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွေး နှင့် ဌာနဆိုင်ရာအကြီးအကဲများက ထိုထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


