ရွှေကျင် နိုဝင်ဘာ၂

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း၌ ယာယီပိတ်ထားရာမှ ယမန်နေ့ နံနက် ၉ နာရီမှစ၍ တစ်ပြိုင်နက်ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက် ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆရာ ဆရာမများက ကျောင်းဝင်ပေါက်၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေး ခြင်းတို့ကို ပြုလုပ်ပေးပြီး သက်ဆိုင်ရာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့် ပြုပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)