ရွှေကျင် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာ တစ်ဦး ထပ်တွေ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်း/တရုတ်တန်းရပ်ကွက်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် နံနက် ၁၁ နာရီခန့်က ကိုယ်ပူချိန်မြင့်တက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့မရဖြစ်ခြင်းတို့ကြောင့် ရွှေကျင်မြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဦးစီးဌာနမှ RDT စနစ်ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူအား ခုတင် (၁၀၀) ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ဆေးကုသမှု ပေးလျက်ရှိပြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ခြောက်ဦးအထိရှိကာ အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)