ရွှေကျင် ဇူလိုင် ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၁၈ ခုနှစ်အတွင်း မိုးစပါးရေကြီး နစ်မြုပ်ထိခိုက်ပျက်စီးသွားသော တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ရွှေကျင်မြို့နယ် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း က ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ပေးသည်။ ရွှေကျင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ဧပရယ်စိုးလှရီက ယခုလို တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားပေခဲ့သည်။

 

ဆက်လက်ပြီး၂၀၁၈ ခုနှစ်အတွင်း ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော ကျေးရွာ(၂၅)ရွာမှ တောင်သူ(၂၉၅၃)ဦးအား ပျက်စီးဧက(၁၄၇၀၆)အတွက် ဓာတ်မြေသြဇာ(၂၉၄၁.၂)အိတ်ကို ကျေးရွာအလိုက် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း၊ ခရိုင်ဦးစီးမှူးဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)