ရွှေကျင် ဇန်နဝါရီ ၈

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အနောက်ဘက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။

 

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကား‌ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဲစု‌အောင်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏အန္တရာယ် ခေါင်းစဉ်ဖြင့် အကျယ်တဝင့်‌ ဟောပြောခဲ့သည်။

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများက သိလိုသည်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဲစု‌အောင်က ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြသထားသည့် သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)