အတ္တဒဏ္ဍာ ဘယံ ဇာတံ၊ ဇနံ ပဿထ မေဓဂံ အတ္တဒဏ္ဍာ= အတ္တကမ္မ၊ အတ္တနောဒုစ္စရိတကမ္မ။ မိမိဒဏ်ဟူသည် မိမိ၏ကံဖြစ်သည်။

ရောဟိနီမြစ်၏ တစ်ဖက်စီ၌ နေကြကုန်သော သာကိယနှင့် ကောလိယ မင်းတို့ရေလုစစ်ပွဲ ဆင်နွှဲကြသည့်အခါ ဘုရားကြွလာ၍ ဟောတော်မူပါသည်။

ကိုယ်ပြုတဲ့ ကိုယ့်အမှုတွေကြောင့် ဘေးဒုက္ခ တွေဖြစ်တာတဲ့။ ဆွေမျိုးသားချင်း၊ လူသားအချင်းချင်း ဆန့်ကျင်သောအယူဝါဒ၊  အယူအဆတွေကြောင့်  အချင်းချင်း ဆန့်ကျင်ဘက်တွေဖြစ်နေကြပြီး အချင်းချင်းသတ်ဖြတ် နှိပ်စက်နေကြသည်ကို ရှုကြကုန်လော၊ ဒီနေ့လူသားတွေဟာ အိုင်ထဲက ရေနည်းငါးတွေလို ဖြစ်နေကြပြီး။ ရေအိုင် ကြီးတစ်ခုမှာ ရေအပြည့်၊ ငါးအပြည့်နေကြစဉ်က ငါးတွေထိတ်လန့် တုန်လှုပ်ခြင်းမဖြစ် ချမ်းသာစွာ ကူးခတ်သွားလာနေကြသည်။ ရေနည်းလာလေကျဉ်းမြောင်း ကျပ်တည်းလာလေဖြစ်ပြီး တိုးဝှေ့နေကြကာ ထွက်ပေါက်ရှာနေကြပြီ၊ ငါးတွေအားလုံး တုန်လှုပ်နေကြပြီး ထွက်ပေါက်မတွေ့ ဖြစ်နေကြသည်ကို  ငါဘုရား  သံဝေဂယူသည်။  သင်တို့ (သာကီဝင်နှင့် ကောလိဝင်) ဆွေမျိုးသားရင်းများလည်း သံဝေဂယူကြဟု မြတ်စွာဘုရား မိန့်တော်မူပါသည်။

 သံဝေဂံ ကိတ္တယိဿာမိ၊ ယထာ သံဝိဇိတံ မယာ။

ငါဘုရားသည် ဘုရားမဖြစ်ခင်ကပင် အချင်းချင်း ဆန့်ကျင်ဘက်တွေဖြစ်၊ အချင်းချင်း ဖောက်ပြန်စွာကျင့်၊ အချင်းချင်းနှိပ်စက်နေကြသည်တို့ကို သံဝေဂယူခဲ့ပြီ။

သံဝေဂယူကြကုန်လော..

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။