ပုသိမ် ၂၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပုသိမ်ခရိုင်လုံးဆိုင်ရာ (၃၆)ကြိမ်မြောက် ရွှေကျင်နိကာယဝိနယ ဓမ္မစာဖြေစာဖြန်ပွဲတော်အတွက် မဟာဓမ္မသဘင်ကိုဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပုသိမ်မြို့၊နိဂြောဓာလမ်းရှိ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရင်ပြင်တော်တွင် အနှိုင်းမဲ့ဖြစ်သော တရားအလှူတော်ကို ပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားပွဲတော်တွင် ကျိုက်ထိုဆရာတော် ဘဒ္ဒန္တ နန္ဒောဘာသာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာဘဒ္ဒန္တပညိ ဿရဘိဝံသ၊ လယ်တီဆရာတော်-စိုင်ပြင် ဘဒ္ဒန္တကောဝိဒ၊ ဝိသုဒ္ဓါရုံတိုက်အုပ် ဆရာတော် ဘဒ္ဒန္တသိရိကဉ္စနာဘိဝံသ၊ သီတဂူဆရာတော်အရှင်ဉာဏိဿရ တို့က ဘုရားရှင် ဟောကြားတော်မူခဲ့သော နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတရားမြတ်များကို ငါးညတိုင်တိုင် ဟောပြောညွှန်ပြ တရားအလှူတော်ပေးမည်ဖြစ်၍ အယုတ်အလတ် အမြတ်မရွေး တရားဒေသနာတော်များကို လာရောက်နာယူနိုင်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
