ရေကြည် ၂၂ မေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် တာကုန်းကျေးရွာအနီး ရေကြည်-ကျုံပျော် ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် ၁၁ နာရီ မိနစ် ၅၀ က ခြောက်ဘီးယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကျုံပျော်မြို့ဘက်မှ ရေကြည်မြို့နယ်ဘက်သို့ ယာဉ်မောင်း ဦးဇော်လတ်မောင်းနှင်ပြီး ဒေါ်တင်တင်ထိုက်၊ ခန့်စည်သူ၊ အောင်စည်သူတို့ လိုက်ပါစီးနှင်းလာသော မော်တော်ယာဉ်တစ်စီးမှာ ရေကြည်-ကျုံပျော် ကားလမ်းမိုင်တိုင်အမှတ် (၄၀/၀) နှင့် (၄၀/၁) ကြားအရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ကားလမ်းဘေးသို့ လဲကျတိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးဇော်လတ်၊ ဒေါ်တင်တင်ထိုက်၊ ခန့်စည်သူတို့တွင် ဒဏ်ရာရရှိခြင်းမရှိဘဲ အောင်စည်သူတွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)