ရေကြည် ၁ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရေကြည်မြို့-ငါးသိုင်းချောင်းမြို့နှင့် အသုတ်မြို့တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ အထက စာသင်ကျောင်းများ၌ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ကြသည်။
မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ပုသိမ်မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာသိန်းဝင်း ဦးစီးပြီး ရေကြည်မြို့ ဆရာစံရပ်ကွက် အထကကျောင်းရှိ တေဇာသီရိခန်းမ၌ ပြုလုပ်ကျင်းပသည့် မျိုးဆက်ပွားကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထက ရေကြည်ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းနှင့်ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ ၅၀ဝ ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်အုပ်ဆရာမကြီး ဒေါ်စန်းမှ အမှာစကားပြောကြားပြီးနောက် ဒေါက်တာ သိန်းဝင်းမှမျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းဒေါက်တာ ဒေါ်မြင့်ခိုင် ကလေးအထူးကုဆရာဝန်ကြီးမှ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရန်အတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက် အထက ကျောင်းခမ်းမသို့ရောက်ရှိပြီး မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ငါးသိုင်းချောင်းတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာ နေဝန်းထွန်းနှင့် အထက ငါးသိုင်းချောင်းကျောင်းအုပ် ဆရာကြီး ဦးကျော်နိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၄၀ဝ ဦးခန့်တက်ရောက်ပြီး အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်က အမှာစကားပြောကြားပြီးနောက် ဒေါက်တာသိန်းဝင်းမှ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ဒေါက်တာ ဒေါ်မြင့်ခိုင် ကလေးအထူးကုဆရာဝန်ကြီးမှ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရန်အတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် နာရီအချိန်အခမ်းအနားပြီးဆုံးခဲ့သည်။
ဆက်လက်ပြီး ညနေတွင် အသုတ်မြို့ အမှတ် ၄ ရပ်ကွက် အထက ကျောင်းခန်းမသို့ ရောက်ရှိပြီး မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အထက ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ ၃၀ဝ ဦးခန့်တက်ရောက်ပြီး အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးနှင့် ဒေါက်တာသိန်းဝင်းက မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောခြင်း ဒေါက်တာဒေါ်မြင့်ခိုင် ကလေးအထူးကု ဆရာဝန်ကြီးမှ ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရန်အတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်းရွက်ခဲ့ကြောင်း သိရှိရသည်။
ဆန်းတင့် (ရေကြည်)


