ရေကြည်  မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ပြည်ပမှပြန်လာသော မိသားစုဝင်များအား စောင့်ကြည့်လူနာအဖြစ်အဆင့် A.B.C သုံးဆင့်ခွဲခြား၍(၁၄)ရက်ကြာ စောင့်ကြည့်မည်ဖြစ်သဖြင့် အဆိုပါစောင့်ကြည့်လူနာများအား ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တွင် ထားရှိရန်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာသို့ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယ‌မန်နေ့ညနေ ၄ နာရီအချိန်က စောင့်ကြည့်လူနာများထားရှိမည့် ကျောင်းဆောင်များ၊အိမ်သာနှင့်ရေချိုးမည့် နေရာများအား ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ရေကြည်)