ရေကြည် ၁၁ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူးဒေါက်တာဇော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းမော်၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးအေးသိမ်း၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးတို့မှ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ စိတ်ပါဝင်စားသူများနှင့် ပါဝင်ဆွေးနွေးလိုသူများ မည်သူမဆို တက်ရောက်၍ လေ့လာဆွေးနွေးနိုင်ကြောင်း သတင်းရရှိသည်။
အောင်သူဟန် (ပြန်/ဆက်)