ရေကြည်၊  ၁၈  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များသို့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်(၈) နာရီခွဲက မြို့‌ပေါ်ရပ်ကွက်အသီးသီးရှိ နေအိမ်များသို့ ပိုးလောက်လန်းများမရှိစေရန် ရေကန်၊ ရေတိုင်ကီ၊ ရေအိုး၊ ရေပုံးအတွင်း အဘိတ်ဆေးခတ်ခြင်း၊ အဘိတ်ဆေးများကို တစ်အိမ်တက်ဆင်း လိုက်လံဝေငှပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သွေးလွန်တုပ်ကွေးဖြစ်ပွားစေသော ခြင်များ မပေါက်ပွားနိုင်စေရေးအတွက် အသိ ပညာပေးခြင်း၊ ရေကန်များ၊ ကျောက်စည်များ၊ ရေအိုးများအတွင်း အဘိတ်ဆေး ခပ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ်‌ သောကြာနေ့တိုင်း ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)

mdn