ရေကြည် ၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့ အမှတ်(၄)ရပ်ကွက် ဘူတာလမ်းနှင့် ကျောင်းလမ်းဒေါင့် နေအိမ်မှ ဝါယာရှော့ဖြစ်ရာမှ နံနက် ၂ နာရီ ၄၅ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသုတ်မြို့ အမှတ်(၄)ရပ်ကွက် ဘူတာလမ်းနှင့် ကျောင်းလမ်းဒေါင့် ဦးဝင်းစိန်၏ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ ဝါယာလျှော့ဖြစ်၍ မီးကူးစက်ပြီးစတင်လောင်ကျွမ်းခဲ့ရာ အခင်းဖြစ်နေရာသို့ ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း အသုတ်မြို့ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးပိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာန ဦစီးမှူး ဦးစိုးနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး နှင့်အသုတ်မြို့မှ မီးသတ်တပ်ဖွဲ့များ ရဲအုပ် တင်မောင်လွင် ဦးစီးပြီး အရာရှိသုံးဦး အခြားအဆင့် ငါးဦး ရပ်ကွက်နေပြည်သူများက မီးငြိှမ်းသတ်ခဲ့ရာ ၃ နာရီ ၂၅ မိနစ်အချိန် မီးညွန့်ကျိုးပြီး ၃ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးဝင်းစိန်ပိုင်ဆိုင်သော အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင် မီးလောင်ကျွမ်းခဲ့ပြီး လူ/တိရစ္ဆာန်များ ဒဏ်ရာရသေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဝင်းစိန် အား ဥပဒေအရ အသုတ်နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဆန်းတင့် (ရေကြည်)