ရေကြည်   ၉  ဧပြီ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ အန်ဆိတ်(၅၀ဝ) လှူဒါန်းခြင်းကို ယနေ့နံနက် (၈)နာရီခွဲ အချိန်က ရေကြည်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက  ယခုလိုမေတ္တာဖြင့် လာရောက် လှူဒါန်းပေးပါသော ဧရာဝတီဖောင်ဒေးရှင်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြို့နယ်အတွင်း အမှန်တကယ် လိုအပ်သည့် ပြည်သူများအား စနစ်တကျ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်သူဟန် (ရေကြည်)