ရေကြည် ၃၀ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကျောင်းစုကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မီးလောင်မှု ဖြစ်ပွားသဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောင်းစုကျေးရွာနေ ဦးကြင်လှိုင် (၆၇)နှစ်သည် နေအိမ်တွင် မီးကြွင်းမီးကျန်ထားခဲ့ပြီး ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် မီးကြွင်းမီးကျန်မှတစ်ဆင့် ဘေးထရံသို့ ကူးစက်လောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ရေကြည်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များကနှင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)