ရေကြည်   ၂၃   မေ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် နတ်စင်ငူကျေးရွာအုပ်စု ဇီးကုန်းကျေးရွာတွင် မေ ၂၁ ရက်နေ့က ဖြစ်ပွားသော လေဘေးကြောင့် နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာထောက်ပံ့ခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှုးရုံးမှတာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေဘေးသင့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀ဝ)၊အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၈၄၀ဝ)၊စုစုပေါင်းရန်ပုံငွေ (၅၈၄၀ဝ)အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)