ရေကြည် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ မင်္ဂလာရာမကျောင်းတိုက် တွင် ဒီဇင်ဘာ ၂၄ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၁ ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုခဲ့ကြသည်။
ဂုဏ်ထူးဆောင် စာမေးပွဲအား အဘိဓမ္မာ သီလရှင် ၃၂ ပါး၊ အဘိဓမ္မာ လူပုဂ္ဂိုလ် နှစ်ဦး၊ ဂုဏ်ထူးဆောင် သီလရှင် နှစ်ပါး၊ လူပုဂ္ဂိုလ် တစ်ဦး၊ ဝိသုဒိမဂ်္ဓဖြေ လူပုဂ္ဂိုလ် နှစ်ဦး စုစုပေါင်း ၃၉ ဦးရှိပြီး အဘိဓမ္မာ ဖြေဆိုသူ သီလရှင် ၃၁ ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦး၊ ဂုဏ်ထူးဆောင်ဖြေဆို သီလရှင် နှစ်ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦး၊ ဝိသုဒ္ဓိဖြေဆို လူပုဂ္ဂိုလ် နှစ်ဦး စုစုပေါင်းဖြေဆိုသူ သီလရှင် ၃၃ ပါးနှင့် လူပုဂ္ဂိုလ် လေးဦး ဖြေဆိုကြကြောင်းသိရသည်။
၂၀၂၁ ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲဖြေဆိုရာတွင် ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ မင်္ဂလာရာမကျောင်းတိုက်၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ ဦးဆောင်ပြီး အခန်းစောင့် တာဝန်ကျဆရာမများက ကုသိုလ်ယူကြပြီး စာဖြေရက်မှာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိဖြစ်ကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)