ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် မြို့သူမြို့သားများ အထူးလိုအပ်လျက်ရှိသော အောက်စီဂျင်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို (၃၀-၇-၂၀၂၁)ရက်နေ့က စတင်တည်ဆောက်လျက်ရှိရာ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မကြာမီတည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအောက်စီဂျင်စက်ရုံသည်ပေ(၃၀×၄၈) RC (၁)ထပ်ဆောင်ဖြစ်ပြီးရေကြည်မြို့ မြို့မရပ်ကွက် မင်းပိုင်းတွင်တည်ဆောက်လျက်ရှိရာ စက်ရုံတွင်ထားရှိမည့် အောက်စီဂျင်ထုတ်လုပ်သည့် (50Nm3/h)စက်အမျိုးအစားကို တရုတ်နိုင်ငံမှ မှာယူထားပြီးဖြစ်ရာ (၁၅-၉-၂၀၂၁)ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအောက်စီဂျင်ထုတ်လုပ်မည့် စက်သည်တစ်ရက်လျှင် အောက်စီဂျင်(၆၄၀၀)လီတာထုတ် လုပ်နိုင်မှာဖြစ်ပြီး (၂၀-၉-၂၀၂၁) ရက်နေ့တွင် စတင်စက်လည်ပတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်သူဟန်  (ပြန်/ဆက်)